တစ်နေ့သောအခါ၌ ရွာသူကြီးဖိုးလှသည် မြို့ပေါ်တက်၍
သူနှင့်အသံုး၀င်မည်ထင်သော အင်ဂျင်စက်(၂)လံုးကို၀ယ်ခဲ့သည်။ သူရွာသို့ပြန်ရောက်သောအခါ သူ၀ယ်ခဲ့သော အင်ဂျင်စက်နှစ်လံုးသည် သူနှင့်များစွာအသံုးမတည့်သည်ကိုတွေ့ရသည်။ ထို့ကြောင့် ဖိုးလှသည် သူ၏အင်ဂျင်စက် (၂)လံုးကိုရွာသားတစ်ဦးအား (၁)လံုး ၆၀၀၀နှုန်းဖြင့်ရောင်းလိုက်သည်။ ရောင်း၍ရသောငွေကိုကြည့်လိုက်သောအခါ ပထမအင်ဂျင်စက်သည် ၂၀%ရှုံး၍ ဒုတိယအင်ဂျင်စက်သည် ၂၀% မြတ်သည်ကိုတွေ့ရသည်။ အချုပ်အားဖြင့်ကြည့်သော် ဖိုးလှသည် အင်ဂျင်စက်နှစ်လံုးကိုဘယ်လောက်နှုန်းဖြင့်၀ယ်ခဲ့သနည်း။ သူပြန်ရောင်းလိုက်သောအခါ ရှုံးသလော၊ မြတ်သလော။ မည်မှျရှုံး၍ မည်မှျမြတ်သနည်း။
ရွာသူကြီးဖိုးလှအင်ဂျင်စက်၀ယ်တဲ့အဖြေကတော့
..............
..............
သူပထမအင်ဂျင်ကို၇၅၀၀နှင့်၀ယ်ခဲ့ပြီး
ဒုတိယတစ်ခုကို ၅၀၀၀
စုစုပေါင်း၁၂၅၀၀ ၀ယ်ခဲ့ပါတယ်။
သူကအင်ဂျင်စက်ကို ၆၀၀၀ ဖြင့်ပြန်ရောင်းလိုက်တော့ ပထမတစ်ခုက ၁၅၀၀(၇၅၀၀၏၂၀ရာခိုင်နှုန်း)ရှုံးပြီး
ဒုတိယတစ်ခုက ၁၀၀၀(၅၀၀၀၏၂၀ရာခိုင်နှုန်း)မြတ်ပါတယ်။
၁၂၅၀၀နှင့်၀ယ်ပြီး၁၂၀၀၀ဖြင့်ပြန်ရောင်းလိုက်တဲ့အတွက် ဖိုးလှ၅၀၀ရှုံးပါတယ်။
ကျန်တဲ့ပုစာ္ဆလည်းအဖြေတွေတင်မှာပါ။