ဘုရင်ရဲ့ဦးထုပ်

ဘုရင်ရဲ့ဦးထုပ်
ဉာဏ်အကောင်းဆံုးမင်းသားလေး

ဟိုရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်ချောမောလှပသော
ဘုရင့်သမီးတော်တစ်ပါးရှိတယ်။
တစ်နေ့ တိုင်းတစ်ပါးက မင်းသား၃ပါး က မင်းသမီးကို လက်ထပ်ဖို့
မင်းသမီးအဖေ ဘုရင်ကြီးဆီခွင့်ပန်တယ်တဲ့။
ဒါပေမယ့် ဘုရင်ကြီးက လွယ်လွယ်နှင့် လက်မခံဘူးတဲ့။
သူကမင်းသား၃ပါးကို ပညာစမ်းမယ် အောင်တဲ့သူကိုမှ ပေးစားမယ် လို့ပြောပါတယ်။
ဒါကိုမင်းသားသံုးပါးက လက်ခံတယ်။
အဲ့ဒါနဲ့ ဘုရင်က မင်းသားသံုးယောက်ကို အခန်းတစ်ခုထဲသွင်းပြီးထိုင်ခိုင်းတယ်။
ပြီးရင်သူ အနက်ရောင်ဦးထုပ်၂လံုး အဖြူရောင်ဦးထုပ်၃လံုးပြတယ်။
ပြပြီးတော့ဘုရင်ကြီးက
သူတို့သံုးယောက်ကိုမျက်စိကို အ၀တ်နှင့်အုပ်လိုက်တယ်။
သူတို့၃ယောက်ခေါင်းပေါ်မှာ ဦးထုပ်တစ်လံုးစီဆောင်းပေးလိုက်ပါတယ်။
ကျန်တဲ့ဦးထုပ်ကို သူကယူပြီး ၀ှက်ထားလိုက်ပါတယ်။
ပြီးရင်သူကကစားပွဲစည်းကမ်းကို မိန့်ကြားပါတယ်။
"မောင်မင်းတို့သံုးယောက်ထဲက တစ်ယောက်ကို မျက်စိအုပ်ထားတဲ့အ၀တ်ကို ဖွင့်လိုက်မယ် မောင်မင်းက ကိုယ့်ခေါင်းပေါ်ကဦးထုပ်အရောင်ကို ကြည့်ခွင့်မရှိဘူူး အခြားမင်းသားနှစ်ပါးရဲ့ခေါင်းပေါ်ကဦးထုပ်အရောင်ကို ကြည့်ခွင့်ရှိတယ်။
အဲ့ဒီတော့ မောင်မင်းဟာအခြားမင်းသားနှစ်ယောက်ရဲ့ ခေါင်းပေါ်ကဦးထုပ် အရောင်ကိုကြည့်ပြီး မောင်မင်းခေါင်းပေါ်ကဦးထုပ်အရောင်ကိုပြောပါ
အဖြေမှားမယ်ဆိုရင်သေဒဏ်ပေးမယ်"
လို့မိန့်တယ်။
အဲဒါနှင့်ပထမ မင်းသားကိုမျက်စည်းဖြေပြီးမေးတယ်။ မရပါဘူး။ သေမှာကြောက်လို့လက်လျော့တယ်။
ဒုတိယမင်းသားလည်းဒီအတိုင်းပါပဲ။
ကဲ......တတိယမင်းသားအလှည့်ရောက်ပါပြီ။
ဘုရင်ကမျက်စည်းဖြေလိုက်တော့ သူ့ရှေ့ကမင်းသား၂ယောက်ဟာ
ဦးထုပ်အဖြူ၂ခုဆောင်းထားတာကိုတွေ့ရတယ်။
ဒါပေမယ့်သူဖြေတာမှန်သွားတယ်။
ကယ်......သူကဘာဖြေလိုက်သလဲ၊အကြောင်းရင်းကိုပြောပါ။

.........
အဖြူ ဖြစ်ပါတယ်
အကယ်လို့ အနက်ဖြစ်ခဲ့မယ်ဆိုရင်..
အရှေ့က၂ယောက်ထဲက တစ်ယောက်ဟာ အဖြူရယ် အနက်ရယ် မြင်မှာ ဖြစ်ပါတယ်။
အဲ့ဒါဆိုရင်သူ့ ဦးထုပ်က အနက်ရောင်ဘယ်လို့မှမဖြစ်နိုင်မှန်း သူသိသွားလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ အနက်ရောင်ဆိုရင် ကျန်တစ်ယောက်ဟာ သူ့ဦးထုပ် အဖြူမှန်းသေချာသွားပြီလေ။
ဒါကြောင့်အနက်ရောင် ဟာဘယ်လိုမှမဖြစ်နိုင်ပါဘူး