ရေဂါလံ

သင့်ဆီမှာ ၅ဂါလံ ချိန်တဲ့ပံုးရယ် ၃ဂါလံ ချိန်တဲ့ပံုးရယ် နှစ်ပံုးရှိတယ်။


သင်ရေကို၄ဂါလံ ရအောင်ဘယ်လိုချိန်မလဲ
မှတ်ချက်။ ။ သင်ရေကိုကြိုက်သလိုအသံုးပြုခွင့်ရှိသည်။

.....
၎ပုစ္ဆာမှာတော့အဖြေအမျိုးမျိုးရှိပါတယ်။
အလွယ်ဆံုးကတော့
သံုးဂါလံပံုးထဲကိုရေထည့်
၅ဂါလံထဲပြန်လောင်း
တစ်ခါ သံုးဂါလံပံုးထဲကိုရေပြန်ထည့်
၅ဂါလံထဲပြန်လောင်း
အဲ့တာဆို ၃ဂါလံပံုးထဲမှာ ရေ၁ဂါလံကျန်မယ်
၅ဂါလံထဲကရေသွန်ပစ် ၁ဂါလံကိုပြန်ထည့် ပြီးရင်နောက်ထပ်၃ဂါလံထပ်ထည့်ဆိုရင် ရပါပြီ။
......