မီးသီး

သင်ကအခန်းတစ်ခန်းထဲမှာရှိတယ်ဆိုပါစို့


အဲ့ဒီအခန်းထဲမှာခလုတ်၃ခုရှိတယ်
ခလုတ်အေ၊ ဘီ၊ စီ ပေါ့
အဲ့ခလုတ်၃ခုထဲက၁ခုက အခန်းအပေါ်ထပ်ရဲ့ မီးလံုး(light bulb) နှင့်ချိတ်ဆက်ထားတယ်
သင်ကခလုတ်၃ကိုကြိုက်သလောက်ပိတ်ခွင့်ဖွင့်ခွင့်ရှိတယ်။
ကြိုက်သလောက်အချိန်ယူလို့ရတယ်။
ဒါပေမယ့် သင်ကအခန်းအပေါ်ထပ်ကိုမီးလင်းလား မလင်းဘူးလား ဆိုတာကိုကြည့်ဖို့တစ်ခါပဲတက်ခွင့်ရှိတယ်။
ကဲ.....သင်ဘယ်လိုလုပ်မလဲ။
သချင်္ာနည်းအတိုင်းမတွေးပဲ သိပ္ပံနည်းကျကျတွေးကြည့်ကြပေါ့။

..........
အဖြေက......
မီးလံုးအေကို ၁၀မိနစ်လောက်ဖွင့်ထားပါ။
ထို့နောက် ပြန်ပိတ်ပါ။ ပိတ်ပြီးသည်နှင့် မီးလံုးဘီကိုဖွင့်ပါ။
ထို့နောက် အပေါ်ထပ်သို့တက်နိုင်ပါပြီ။
အပေါ်ထပ်ရောက်ရင် မီးလံုးအေ ကိုင်ကြည့် ပူနေရင် အဖြေကအေ
ဒါမှမဟုတ် မီးလံုးဘီကပွင့်နေတယ်ဆိုရင် အဖြေက ဘီပေါ့
မီးလံုးကမပူ၊ မီးလံုးကမလင်းဘူးဆိုရင် စီဘဲပေါ့