မောင်နီ၊ မောင်၀ါ၊ မောင်ပြာ သူငယ်ချင်းသံုးယောက်နေ့လည်စာအတူတူစားနေကြတယ်။
သူတို့တစ်ယောက်ချင်းစီမှာ ဆွဲကြိုးတွေအသီးသီး ၀တ်ဆင်ထားကြတယ်။
ဆွဲကြိုးတွေကလည်းအနီရောင်၊ အ၀ါရောင်၊ အပြာရောင် ၃ရောင်ပေါ့။
သူတို့အတူတူထမင်းစားရင်း အ၀ါရောင်ဆွဲကြိုးနှင့်တစ်ယောက်က ဟေ့မင်းတို့သတိထားမိရဲ့လား ငါတို့၃ယောက်ရဲ့ဆွဲကြိုးအရောင်တွေက ငါတို့၃ယောက်နာမည်တွေနှင့်တူတယ်။ ဒါပေမယ့် လူနှင့်ဆွဲကြိုးနှင့် လိုက်ဖက်မှုမရှိဘူး(မတွဲမိဘူး) လို့စကားစလိုက်တယ်။
အဲဒါနဲ့ မောင်နီက အေကွ မင်းပြောတာမှန်တယ် လို့၀င်ဖြေပါရော
ကဲဘယ်သူကဘယ်အရောင်၀တ်ဆင်ထားသလဲပြောပြနိုင်မလား။
အဖြေကတော့.....
မောင်နီ - အပြာ
မောင်ဝါ - အနီ
မောင်ပြာ - အဝါ