စာမျက်နှာပုစ္ဆာအဖြေ

မောင်စိတ်တိုက နာမည်နှင့်လိုက်အောင် တအားစိတ်တိုတတ်တယ်။


တစ်ခါတစ်လေ စိတ်ပေါက်ရင်ပေါက်သလို ထ ထလုပ်တတ်တဲ့ အကျင့်ရှိတယ်။ တစ်ခါသူဉာဏ်စမ်းစာအုပ်ကိုဖတ်တုန်းက သူတွက်ထားတဲ့အဖြေနှင့်ပုစ္ဆာ မကိုက်လို့ဆိုပြီး စာရွက်ကိုဆုတ်ဖြဲလိုက်တာ စာမျက်နှာ၆၊ ၇၊ ၈၄၊ ၁၁၁၊ ၁၁၂ ပါသွားတယ်။ကဲ...သူစာရွက်ဘယ်နှရွက်ကိုဖြဲလိုက်တယ်ထင်လဲ။


မောင်စိတ်တိုဖြဲလိုက်တဲ့စာရွက်က ၃ ရွက်ပါ။
၆/၇ ၁ရွက်ဆိုရင် ၁၁၁/၁၁၂ ကတစ်ရွက်စီပါ။
၁၁၁/၁၁၂ ၁ရွက်ဆိုရင် ၆/၇ ကတစ်ရွက်စီပါ။