ဘဏ်ပိုက်ဆံရဲ့အဖြေမှန်

၁၉၂၀ ၀န်းကျင်လောက်ကပေါ့



အင်္ဂလိပ်နယ်ချဲ့ကိုလိုနီတွေကြီးစိုးနေတဲ့ခေတ်ဆိုတော့
- ပိုက်ဆံချမ်းသာတဲ့သူတွေကဆင်းရဲ
- ဆင်းရဲတဲ့သူတွေကခွက်ခွက်လန်အောင်ပြောင်ရော
- အကပ်ကောင်းအမြောက်ကောင်းတဲ့သူတွေ ဒုစရိုက်သမားတွေကတော့ ချမ်းသာပြီးရင်းချမ်းသာရင်းပေါ့။
မောင်စိုးမြင့်ကတော့ ပထမအုပ်စုထဲကပေါ့။ သူလည်း ကိုလိုနီခေတ်မှာငွေကျပ်တည်းလာတော့့ဘဏ်ထဲမှာရှိတဲ့ငွေလက်ကျန်လေးတွေသွားထုတ်ရတာပေါ့။ အဲ့ခေတ်တုန်းကတော့ ကျပ်တွေ ပြားတွေနဲ့သံုးတဲ့ခေတ်လေ။
မောင်စိုးမြင့်က ငွေထုတ်တော့ ဘဏ်၀န်ထမ်းက ကျပ်တန်ဖိုးမှာရှိတဲ့ ဂဏန်းနဲ့ ပြားတန်ဖိုးမှာရှိတဲ့ဂဏန်းကိုပြောင်းပြန်မှားပေးလိုက်တယ်။
ငွေထုတ်ပြီးနောက် မောင်စိုးမြင့်က ဘဏ်ရှေ့မှာရှိတဲ့ အလှူခံပံုးထဲကို ၅ပြားထည့်လိုက်တယ်။ အိမ်ပြန်ရောက်တော့ ငွေထုတ်စစ်ကြည့်တော့ သူဘဏ်မှာစုထားတဲ့ လက်ကျန်ငွေထက် ၂ဆ များနေတာကိုတွေ့ရတယ်။ နဂိုကသူဘဏ်မှာလက်ကျန်ငွေဘယ်လောက်ရှိနေပါသလဲ။



ဘဏ်ပိုက်ဆံမှားယွင်းသည့်ပုစာ္ဆ
အဖြေကတော့
၃၁ကျပ်၆၃ပြားဖြစ်ပါတယ်။
၃၁ကျပ်၆၃ပြားကို ဘဏ်က၆၃ကျပ်၃၁ပြားဆိုပြီး မှားပေးလိုက်ပါတယ်။
ပြီးတော့၅ပြားကိုအလှူခံပံုးထဲထည့်လိုက်တော့ ၆၃ကျပ်၂၆ပြား(၃၁ကျပ်၆၃ပြားရဲ့၂ဆ)ကျန်တာပေါ့။