လူပုလူရှည်

တစ်ခါကကျွန်းငယ်လေးတစ်ခုမှာ လူရိုင်းကြီးနှစ်ယောက်ရှိတယ်။

တစ်ယောက်ကအရပ်ကလန်ကလားနှင့်ရှည်ရှည်လျားလျား၊ နောက်တစ်ယောက်ကပုတိုတို ညှက်စိစိ။
သူတို့ထဲကတစ်ယောက်ကအမြဲတမ်းအမှန်ပြောတယ်။ ကျန်တစ်ယောက်ကတော့အမြဲတမ်းလိမ်ပြောတာပေါ့။
တစ်နေ့သုတေသနပညာရှင်တစ်ဦးကလူရိုင်းတွေကိုလေ့လာဖို့ ကျွန်းပေါ်တက်လာတယ်။ သူကအရပ်ရှည်လူရိုင်းကို
မင်းကအမြဲအမှန်ပြောတဲ့သူလား
လို့မေးလိုက်တော့
၏အရပ်ရှည်လူရိုင်းက အုပ် လို့ပြန်ဖြေပါတယ်။
သုတေသနပညာရှင်ကြီးက အုပ် ကိုနားမလည်လို့အရပ်ပုလူရိုင်းကို
သူဘာပြောလိုက်တာလဲ လို့မေးပြန်ရော အဲဒီတော့အရပ်ပုလူရို်င်းက သူက ဟုတ်တယ်လို့ပြောတာ ဒါပေမဲ့သူကအမြဲတမ်းလိမ်ပြောတဲ့သူ
လို့ပြန်ပြောပါတယ်။
ကဲ.....ဘယ်သူကအမှန်ပြောသူ ဘယ်သူကလိမ်လည်ပြောသူလဲ တွေးကြည့်ရအောင်နော်။


 လူရှည်က လိမ်သူဖြစ်ပြီး
လူပုက အမှန်ပြောသူဖြစ်ပါတယ်။